အာဇီဝပါရိသုဒ္ဓိသီလ

by | Jun 9, 2022 | အ | 0 comments

“ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး” ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် “အာဇီဝပါရိသုဒ္ဓိသီလ” မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု သန့်ရှင်းစင်ကြယ်ခြင်းပင် ဖြစ်သည်။

အသုရကာယ်

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ "အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...

အဝိနိဗ္ဘောဂရုပ် ၈ ပါး

ရူပါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ အာဟာရရုပ်၊ မဟာဘုတ် ၄-ပါး၊ ပေါင်း ၈-ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အကုသိုလ်ဝစီကံ

နှုတ်အမူအရာ၌ အဖြစ်များသော အကုသိုလ်ကံသည် 'အကုသိုလ်ဝစီကံ' မည်၏။

အတိပရိတ္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်နည်းသော စိတ္တက္ခဏရှိသော...