အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏ တိုက်ရိုက်အဓိပ္ပါယ်မှာ (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံ-ဟုသာ ဖြစ်၏။
အပ္ပဏိဟိတာနုပဿနာ
"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...