အာကာသ

by | Jun 9, 2022 | | 0 comments

ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောနှောရအောင် ပိုင်းခြားပေးတတ်သော အပေါက်အကြားကိုပင် “အာကာသ”ဟု ခေါ်သည်၊ ဤအာကာသသည် ပရမတ္ထအစစ် မဟုတ်၊ ရုပ်ကလာပ် ၂-ခု ဖြစ်ပေါ်လာသည့်အခါ အကြား၌ အလိုအလျောက် ပေါ်လာရသော ပညတ်သဘောမျှသာ ဖြစ်သည်

အပ္ပဏိဟိတာနုပဿနာ

"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...

အဘိညာဉ် ၅ ပါး

၁။ ဣဒ္ဓိဝိဓအဘိညာဉ်၊ ၂။ ဒိဗ္ဗသောတအဘိညာဉ်၊ ၃။ ပရစိတ္တဝိဇာနနအဘိညာဉ်၊ ၄။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊ ၅။ ဒိဗ္ဗစက္ခုအဘိညာဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အပ္ပဋိဃရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အဘိညာဉ်

အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို "အဘိညာဉ်"ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း "အဘိညာဉ်"ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို...