အဝိဇ္ဇာသဝ ၁

by | Jun 9, 2022 | | 0 comments

သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် စိမ်ရည်အရက်နှင့် တူသောကြောင့် “အဝိဇ္ဇာသဝ”မည်၏။

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အနုပဿနာ ၃ ပါး

၁။ အနိစ္စာနုပဿနာ၊ ၂။ ဒုက္ခာနုပဿနာ၊ ၃။ အနတ္တာနုပဿနာ။

အရူပရာဂသံယောဇဉ် ၁

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...

အနုလောမဉာဏ်

"အနုလောမဉာဏ်"ဟူသည်မှာလည်း "ပရိကမ်, ဥပစာ, အနုလုံ" အမည်ရသော ရှေးဉာဏ် ကိုးပါးတို့၏ ကိစ္စပြီးခြင်းအားလည်းကောင်း၊ ဗောဓိပက္ခိယတရားတို့အားလည်းကောင်း လျော်သော ဝိပဿနာဉာဏ်များပင်...