ကောလံကောလသောတာပန်

by | Jun 9, 2022 | က | 0 comments

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ ဖြစ်မည့်သူ။

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...

ကိစ္စ ၁၄ ပါး

၁။ပဋိသန္ဓေကိစ္စ၊၂။ဘဝင်ကိစ္စ၊၃။ အာဝဇ္ဇန်းကိစ္စ၊ ၄။ဒဿနကိစ္စ၊ ၅။သဝနကိစ္စ၊ ၆။ဃာယနကိစ္စ၊ ၇။သာယနကိစ္စ၊ ၈။ဖုသနကိစ္စ၊ ၉။သမ္ပဋိစ္ဆိုန်းကိစ္စ၊ ၁၀။သန္တီရဏကိစ္စ၊၁၁။ ဝုေဋ္ဌာကိစ္စ၊၁၂။ဇောကိစ္စ၊ ၁၃။တဒါရုံကိစ္စ၊၁၄။စုတိကိစ္စ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကင်္ခါဝိတရဏဝိသုဒ္ဓိ

ပစ္စယပရိဂ္ဂဟဉာဏ် (နာမ်ရုပ်ဖြစ်ကြောင်းကို သိမြင်ပြီး ဆုံးဖြတ်နိုင်သော ဉာဏ်) သည်ပင်လျှင် "ငါဟာ ရှေးက ဖြစ်မှ ဖြစ်ဖူးခဲ့ရလား?" စသော ၁၆-ပါးသော ယုံမှားမှု, အလုံးစုံကို သိနိုင်တဲ့ ဘုရားဆိုတာ ရှိမှ ရှိနိုင်ပါ့မလား?" စသော ၈-ပါးသော ယုံမှားမှုတို့ကို လွန်မြောက်ပယ်ခွာလျက်...