သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ ဖြစ်မည့်သူ။
ကင်္ခါဝိတရဏဝိသုဒ္ဓိ
ပစ္စယပရိဂ္ဂဟဉာဏ် (နာမ်ရုပ်ဖြစ်ကြောင်းကို သိမြင်ပြီး ဆုံးဖြတ်နိုင်သော ဉာဏ်) သည်ပင်လျှင် "ငါဟာ ရှေးက ဖြစ်မှ ဖြစ်ဖူးခဲ့ရလား?" စသော ၁၆-ပါးသော ယုံမှားမှု, အလုံးစုံကို သိနိုင်တဲ့ ဘုရားဆိုတာ ရှိမှ ရှိနိုင်ပါ့မလား?" စသော ၈-ပါးသော ယုံမှားမှုတို့ကို လွန်မြောက်ပယ်ခွာလျက်...
