အရူပါဝစရဈာန်

by | Jun 9, 2022 | အ | 0 comments

ရူပါဝစရဈာန် ငါးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် “ရုပ်ဟူသော အကြောင်းကြောင့် (သူတပါးကို နှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း၊ (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ အယူအဆ အထင်အမြင် ကွဲပြားခြင်း၊ ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤ အလုံးစုံသည် ရုပ်မရှိသည့် အရူပဘုံ၌ လုံးဝပင် မရှိကြပေ”ဟု ဆင်ခြင်၍လည်းကောင်း၊ “ရုပ်၌ မျက်စိရောဂါ နားရောဂါ စသော အထောင်မက များစွာသော အနာတို့ ဖြစ်ပေါ်လာကြကုန်၏”ဟု ရုပ်၏ အပြစ်ကို ရှုမြင်၍လည်းကောင်း ထိုရုပ်ကို လွန်မြောက်ရန် အတွက်၊ ထိုရုပ်မရှိရာ အရူပဗြဟ္မာ့ဘုံသို့ ရောက်ရန်အတွက် ဆိုင်ရာ ကမ္မဋ္ဌာန်းတရားကို ပွားများ အားထုတ်၍ ရသော ဈာန်ကို အရူပါဝစရဈာန်-ဟု ခေါ်သည်။

အာသန္န ကံ

သေခါနီးကာလ၌ အောက်မေ့အပ်၊ ပြုအပ်သော ကံသည် "အာသန္န ကံ"မည်၏။

အကုသလဝိပါက်

အကုသလဝိပါက်-ဟူသော ပုဒ်သည် အကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အကုသလ= အကုသိုလ်၏၊ ဝိပါက= အကျိုး-ဟု...

အနုပါဒိသေသ နိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် "အနုပါဒိသေသနိဗ္ဗာနဓာတ်" မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ...