ဂရုက, အာသန္န, အာစိဏ္ဏ အခြေအနေသို့ မရောက်တတ်ဘဲ ယခုဘဝတွင် အမှတ်တမဲ့ သာမန် ပြုအပ်သော ကံများနှင့် ရှေ့ရှေ့ဘဝက ပြုအပ်ခဲ့သော ကံများသည် “ကဋတ္တာ ကံ” မည်၏။
ကာမရာဂသံယောဇဉ် ၁
ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ကာမရာဂသံယောဇဉ်...
