အရဟတ္တမဂ်စိတ်

by | Jun 9, 2022 | | 0 comments

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အပ္ပဏိဟိတာနုပဿနာ

"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...

အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အနာဂတံသအဘိညာဉ်

နောင်အနာဂတ်၌ ဖြစ်မည့် အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်။

အာသဝက္ခယအဘိညာဉ်

အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်ကို "အာသဝက္ခယအဘိညာဉ်"ဟု ခေါ်သည်။