အရဟတ္တမဂ္ဂါနန္တရဖိုလ်မှ စ၍ ပစ္ဆိမ (နောက်ဆုံး) စိတ်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို “အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။
အာဟာရရုပ်
အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...