အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို “အဘိညာဉ်”ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း “အဘိညာဉ်”ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို ရနိုင်ကြသည်။
အဝိဟာ
မိမိဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ ကမ္ဘာပေါင်းအတော်ကြာအောင် တည်နေကြသော ဗြဟ္မာများကို အဝိဟာဗြဟ္မာ-ဟု...