အဘိညာဉ်

by | Jun 9, 2022 | အ | 0 comments

အထူး သိစွမ်းနိုင်သော ရူပါဝစရကုသိုလ်, ကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်ကို “အဘိညာဉ်”ဟု ခေါ်သည်၊ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ပဉ္စမဈာန်ကိုလည်း “အဘိညာဉ်”ဟုပင် ခေါ်ရသည်။ ပါရမီထူးရှိသူများကား မဂ်ကိုရရုံ, ပဉ္စမဈာန်ကို ရရုံမျှဖြင့်ပင် အဘိညာဉ်ကို ရနိုင်ကြသည်။

အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အနုသယ ၇-ပါး

၁။ ကာမရာဂါနုသယ၊ ၂။ ဘဝရာဂါနုသယ၊ ၃။ ပဋိဃာနုသယ၊ ၄။ မာနာနုသယ၊ ၅။ ဒိဋ္ဌာနုသယ၊ ၆။ ဝိစိကိစ္ဆာနုသယ၊ ၇။ အဝိဇ္ဇာနုသယ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အာကိဉ္စညာယတနဘုံ

အာကိဉ္စညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...