အပ္ပနာ မည်သော တရားများ

by | Jun 9, 2022 | အ | 0 comments

အပ္ပနာဟူသည် ဝိတက်စေတသိက်၏ အမည် ဖြစ်သည်။ ဝိတက်သည် ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သောကြောင့် အပ္ပနာဟူသော အမည်ကို ရသည်။ ပဌမဈာန်နှင့် ယှဉ်သော စိတ်တို့သည်လည်း ဝိတက်နှင့် အတူယှဉ်တွဲဖြစ်သောကြောင့် အပ္ပနာအမည်ကို ရသည်။ သဒိသူပစာအားဖြင့် ဒုတိယဈာန်-စသည်တို့သည်လည်း ပထမဈာန်နှင့် အလားတူသောကြောင့် အပ္ပနာ မည်ကြသည်။

အာကိဉ္စညာယတနဘုံ

အာကိဉ္စညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

အာဟာရရုပ်

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...

အဝိဇ္ဇာယောဂ ၁

သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် အဝိဇ္ဇာယောဂ...

အာသဝ

စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...