အန္တရကပ်

by | Jun 9, 2022 | အ | 0 comments

အသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀) နှစ်တမ်းတိုင်အောင်, (၁၀) နှစ်တမ်းမှ တရွေ့ရွေ့သက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် ‘‘အန္တရကပ်’’ မည်၏၊ [အန္တရ=အသင်္ချေယျသက်တမ်းဟူသော အာယုကပ်နှစ်ခု၏ အကြားဖြစ်သော + ကပ္ပ= ကပ်။]

အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အဘိဇ္ဈာကာယဂန္ထ ၁

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် "အဘိဇ္ဈာ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့်...

အနုပါဒိသေသ နိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် "အနုပါဒိသေသနိဗ္ဗာနဓာတ်" မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ...

အညမညပစ္စယော

အချင်းချင်း ဖြစ်စေခြင်း,ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြု တတ်သော တရား။

အာကာသ

ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောနှောရအောင် ပိုင်းခြားပေးတတ်သော အပေါက်အကြားကိုပင် "အာကာသ"ဟု ခေါ်သည်၊ ဤအာကာသသည် ပရမတ္ထအစစ် မဟုတ်၊ ရုပ်ကလာပ် ၂-ခု ဖြစ်ပေါ်လာသည့်အခါ အကြား၌ အလိုအလျောက် ပေါ်လာရသော ပညတ်သဘောမျှသာ...