အနုလုံ ၁

by | Jun 9, 2022 | | 0 comments

အနုလုံ-ဟူသည် ဈာန်အား လျော်သော စိတ် ဖြစ်သည်၊ ရှေးရှေးပရိကံနှင့် နောက်က အပ္ပနာအား လျော်စွာဖြစ်တတ်သောကြောင့် အနုလုံဟု ခေါ်သည်။ ရှေးရှေးပရိကံဟူသည်လည်း ယခု အပ္ပနာဝီထိတွင်းက ပရိကံကိုသာ ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိမရောက်မီ ရှေးရှေးဝီထိများမှ အပ္ပနာဖြစ်အောင် စီမံပေးကြသော ဇောတို့ကိုလည်း ရှေးရှေးပရိကံဟု ခေါ်ဆိုရသည်။

အဟိတ်စိတ်

အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...

အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါး

အာကာသာနဉ္စာယတန-စသော ၄ ပါးတို့သည် ရုပ်၏ ဆန့်ကျင်ဘက်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် အာရုပ္ပ(အာရမ္မဏိက)ကမ္မဋ္ဌာန်း မည်၏။ "ကောင်းကင်ပညတ်(ကောင်းကင်ဟူသော သတ်မှတ်ချက်), ပထမာရုပ္ပဝိညာဉ်, နတ္ထိဘောပညတ်(မရှိခြင်းဟူသော သတ်မှတ်ချက်), တတိယာရုပ္ပဝိညာဉ်"အားဖြင့် အရူပါဝစရဈာန်၏...

အဟိတ်ကြိယာစိတ် ၃ ပါး

၁။ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊ ၃။သောမနဿသဟဂုတ်...

အရိယာ

ကိလေသာရန်သူကို သတ်တတ်သူ။