အနုလုံ ၁

by | Jun 9, 2022 | | 0 comments

အနုလုံ-ဟူသည် ဈာန်အား လျော်သော စိတ် ဖြစ်သည်၊ ရှေးရှေးပရိကံနှင့် နောက်က အပ္ပနာအား လျော်စွာဖြစ်တတ်သောကြောင့် အနုလုံဟု ခေါ်သည်။ ရှေးရှေးပရိကံဟူသည်လည်း ယခု အပ္ပနာဝီထိတွင်းက ပရိကံကိုသာ ဆိုလိုသည်မဟုတ်၊ အပ္ပနာဝီထိမရောက်မီ ရှေးရှေးဝီထိများမှ အပ္ပနာဖြစ်အောင် စီမံပေးကြသော ဇောတို့ကိုလည်း ရှေးရှေးပရိကံဟု ခေါ်ဆိုရသည်။

အာသဝက္ခယအဘိညာဉ်

အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်ကို "အာသဝက္ခယအဘိညာဉ်"ဟု ခေါ်သည်။

အနုပဿနာ ၃ ပါး

၁။ အနိစ္စာနုပဿနာ၊ ၂။ ဒုက္ခာနုပဿနာ၊ ၃။ အနတ္တာနုပဿနာ။

အနုလောမဉာဏ်

"အနုလောမဉာဏ်"ဟူသည်မှာလည်း "ပရိကမ်, ဥပစာ, အနုလုံ" အမည်ရသော ရှေးဉာဏ် ကိုးပါးတို့၏ ကိစ္စပြီးခြင်းအားလည်းကောင်း၊ ဗောဓိပက္ခိယတရားတို့အားလည်းကောင်း လျော်သော ဝိပဿနာဉာဏ်များပင်...

အကုသိုလ်ဝစီကံ

နှုတ်အမူအရာ၌ အဖြစ်များသော အကုသိုလ်ကံသည် 'အကုသိုလ်ဝစီကံ' မည်၏။

အရဟတ္တမဂ်

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု...

အရူပါဝစရစိတ် ၁၂ ပါး

အရူပါဝစရကုသိုလ်စိတ် ၄ ပါး၊ အရူပါဝစရဝိပါက်စိတ် ၄ ပါး၊ အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၁၂ ပါး။(အရူပါဝစရကုသိုလ်စိတ် ၄ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...