အနုပါဒိသေသ နိဗ္ဗာနဓာတ်

by | Jun 9, 2022 | အ | 0 comments

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် “အနုပါဒိသေသနိဗ္ဗာနဓာတ်” မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ ကြွင်းကျန်။)

အာဝဇ္ဇန်းကိစ္စ

အာရုံအသစ်ကို ဆင်ခြင်ခြင်း အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊ တစ်နည်း ဘဝင်အစဉ်ကို ပြန်လည်စေခြင်း(ရပ်တန့်စေခြင်း) အလုပ်သည် အာဝဇ္ဇန်းကိစ္စ...

အပ္ပဋိဃရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

အပရာပရိယဝေဒနီယ ကံ

တတိယဘဝမှ စ၍ နိဗ္ဗာန်မရမီအတွင်း ဘဝတစ်ခုခု၌ အကျိုးပေးမည်ဖြစ်သော ကံသည် "အပရာပရိယဝေဒနီယ ကံ" မည်၏။ထိုကံသည် အလယ်ဇော ၅-ချက်စေတနာ...

အာဟာရဇရုပ် ၁၂ ပါး

လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။

အပ္ပနာဇော

မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု...