အနာဂါမိမဂ္ဂါနန္တရဖိုလ်မှ စ၍ အရဟတ္တမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ ပုဂ္ဂိုလ်ကို “အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။
အပ္ပဋိဃရုပ် ၁၆ ပါး
မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...
