မသိဘူးသေးသော သစ္စာလေးပါး နိဗ္ဗာန်တရားကို သိအောင် ကျင့်အံ့ဟု အားထုတ်ခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အနညာတံ- မသိအပ်ဘူးသော သစ္စာ ၄-ပါးကို+ဉဿာမီတိ- သိအံ့-ဟု ဖြစ်သော ဣန္ဒြေ)။
အနိမိတ္တဝိမောက္ခ
နိစ္စနိမိတ်(မြဲသော ပုံရိပ်)-စသည် မရှိသည်ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ...