အညိန္ဒြေ ၁

by | Jun 9, 2022 | | 0 comments

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော အရိယာပုဂ္ဂိုလ်၏+ဣန္ဒြိယံ-ဣန္ဒြေ)။

အနိမိတ္တာနုပဿနာ

"အနိစ္စ"ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် "အနိမိတ္တာနုပဿနာ" ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ=...

အဘိဓမ္မာ

ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)

အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် နှစ်မျိုးကို ပေါင်းစပ်၍ သိစေတတ်သော "မင်း+သား" စသော သဒ္ဒပညတ်။

အဟိရိက

ဒုစရိုက် ပြုရန် မရှက်ခြင်းသဘော၊ မစက်ဆုပ်ခြင်းသဘော။