အညာတာဝိန္ဒြေ၁

by | Jun 9, 2022 | | 0 comments

သစ္စလေးပါးကို သိပြီးခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာတာဝီ- သိပြီးသော ရဟန္တာပုဂ္ဂိုလ်၏+ဣန္ဒြိယံ-ဣန္ဒြေ)။

အနုဿတိ ၂

အာရုံတစ်ခုခုကို အဖန်ဖန် အထပ်ထပ် အောက်မေ့ဆင်ခြင်တတ်သော သတိစေတသိက်ကို "အနုဿတိ"ဟု ခေါ်သည်။

အကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်, နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အကုသိုလ်ကံ "အကုသိုလ်မနောကံ"မည်၏။

အနတ္တ

သင်္ခါရတရားတို့သည် အတ္တမဟုတ်၊ ငါမဟုတ် ဟူသော သဘောလက္ခဏာ။

အဘိညာဉ် ၂ ပါး၂

၁။ ရူပါဝစရကုသိုလ်ပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်၊ ၂။ ရူပါဝစရကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်။