ကိလေသာ ၁၀-ပါး

by | Jun 9, 2022 | က | 0 comments

၁။ လောဘ၊ ၂။ ဒေါသ၊ ၃။ မောဟ၊ ၄။ မာန၊ ၅။ ဒိဋ္ဌိ၊ ၆။ ဝိစိကိစ္ဆာ၊ ၇။ ထိန၊ ၈။ ဥဒ္ဓစ္စ၊ ၉။ အဟိရိက၊ ၁၀။ အနောတ္တပ္ပ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကာယာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကိုယ်။

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...

ကံ

ကိုယ်မှု၊နှုတ်မှု၊စိတ်မှု-ကို ပြုလုပ်အောင် တိုက်တွန်းပေးသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာကို ကံ-ဟု...

ကမ္မဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကမ္မဝဋ်ဟု...

ကမ္မဇရုပ် ၁၈ ပါး

ဟဒယရုပ် ၁ ပါး၊ ဣန္ဒြိယရုပ် ၈ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၈ ပါး။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...