စည်းစိမ်ချမ်းသာလွန်စွာကြီးသဖြင့် သေးငယ်သော သဘောမရှိ၊ အလွန်အထက်တန်းကျသော ဗြဟ္မာများ။
အပ္ပနာဘာဝနာ
ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ ဤအပ္ပနာဘာဝနာသည် ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေတတ်သော မဟဂ္ဂုတ် လောကုတ္တရာဈာန်များ...