သောဘနစိတ်

by | Jun 9, 2022 | | 0 comments

တင့်တယ်သော ဂုဏ်ကို ဆောင်တတ်သော စိတ်၊ အပြစ်ကင်းသဖြင့် တင့်တယ်ကောင်းမြတ်သော အလောဘ-စသော ဟိတ်တို့နှင့် ယှဉ်သော စိတ်။

သောဘနစိတ်အကျယ် ၉၁ ပါး

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျယ် ၄၀၊ပေါင်း ၉၁ ပါး။(ကာမာဝစရစိတ် ၅၄ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

သကဒါဂါမ်

ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...

သန္တီရဏစိတ် ၃ ပါး

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်၊၃။ အဟိတ်ကုသလဝိပါက် သောမနဿသဟဂုတ်...

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။

သမ္မာဝါစာ

အသက်မွေးမှုနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း သဘော။

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။