သောတာပတ္တိမဂ်

by | Jun 9, 2022 | သ | 0 comments

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးအပေါင်းသည် နိဗ္ဗာန်ဟူသော သမုဒ္ဒရာသို့ စီးသွားတတ်သောကြောင့် ရေအယဉ်နှင့် တူသည့်အတွက် သောတ-ဟူသော အမည်ရကြသည်။ ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့ ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော မဂ်သည် သောတာပတ္တိမဂ် မည်၏။

သမ္မာသမာဓိ ၁

မှန်စွာ တည်ကြည်မှု ဧကဂ္ဂတာ စေတသိက်သည် "သမ္မာသမာဓိမဂ္ဂင်"မည်၏။

သီလဗ္ဗတပရာမာသသံယောဇဉ် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...

သုခိန္ဒြေ ၁

ကိုယ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။