ဥပေက္ခာသဟဂုတ်ဟူသော ပုဒ်သည် ဥပေက္ခာ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသည်။ ဥပေက္ခာ= ဥပေက္ခာဝေဒနာနှင့်၊ ဝါ- လျစ်လျူရှုသော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။
ဥပါဒါရုပ်
မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ရုပ်ကို "ဥပါဒါရုပ်"ဟု ခေါ်သည်၊ ဤဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော...