ဥပါဒိန္နရုပ် ၁

by | Jun 9, 2022 | | 0 comments

“ငါ၏ အကျိုး”ဟု ကံ၏ စွဲယူခြင်းခံရသော, ကံ၏ အကျိုးဖြစ်သော ရုပ်ကို “ဥပါဒိန္နရုပ်”ဟု ခေါ်သည်၊ (ဥပ-တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံက+အာဒိန္န-ငါ၏အကျိုးဟု စွဲယူခြင်းခံရသော ရုပ်။)

ဥဂ္ဂဟနိမိတ်

မနောဒွါရိကကုသိုလ်ဇောစိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံ(ပုံရိပ်)ကို "ဥဂ္ဂဟနိမိတ်"ဟု ခေါ်သည်၊ ဤဥဂ္ဂဟနိမိတ်ကိုလည်း ပရိကမ္မဘာဝနာကပင် အာရုံပြုပါသည်။ မျက်စိမှိတ်ထားသော်လည်း အာရုံယူက ပကတိမျက်စိဖြင့် ကြည့်နေရသလို ထင်မြင်လာသော အာရုံမျိုးပင်...

ဥပါဒါနက္ခန္ဓာ

ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော လောကီခန္ဓာကို ဥပါဒါနက္ခန္ဓာ-ဟု ခေါ်သည်။