ဥပပတ္တိဘဝ ၁

by | Jun 9, 2022 | | 0 comments

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင် ဖြစ်သည်။

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥဒယဗ္ဗယဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော...