အာဟာရကြောင့်ဖြစ်သော ရုပ်။(ဩဇာ-ဟူသော အာဟာရသည် စားမျိုလိုက်သည့်အခါ သူ၏ ဌီသို့ ရောက်မှသာ အာဟာရဇ ရုပ်ကို ဖြစ်စေသည်၊ ထိုအာဟာရကြောင့်ဖြစ်သော ရုပ်ကို “အာဟာရဇရုပ်”ဟု ခေါ်သည်။)
အနိစ္စာနုပဿနာ
သင်္ခါရတရားတို့ကို "အနိစ္စ, အနိစ္စ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနိစ္စာနုပဿနာ " ဟု ခေါ်သည်။