အာရုံအသစ်ကို ဆင်ခြင်ခြင်း အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊ တစ်နည်း ဘဝင်အစဉ်ကို ပြန်လည်စေခြင်း(ရပ်တန့်စေခြင်း) အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊
အဂေါစရဂ္ဂါဟကရုပ် ၂၃ ပါး
ပသာဒရုပ် ၅-ပါးမှ တစ်ပါး ကျန် ၂၃ ပါးသော ရုပ်များ။
အာရုံအသစ်ကို ဆင်ခြင်ခြင်း အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊ တစ်နည်း ဘဝင်အစဉ်ကို ပြန်လည်စေခြင်း(ရပ်တန့်စေခြင်း) အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊
ပသာဒရုပ် ၅-ပါးမှ တစ်ပါး ကျန် ၂၃ ပါးသော ရုပ်များ။
စိတ်, စေတသိက်တို့၏ မွေ့လျော်ရာ။
ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အာဝဇ္ဇန်းဒွေး ဟူသည် အာဝဇ္ဇန်း၂ ပါး-ဟု ဆိုလိုသည်။
အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။
မခက်ထန် မကြမ်းတမ်းခြင်းသဘော။
အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် "အဘိဇ္ဈာ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့်...