အာကာသာနဉ္စာယတန-စသော ၄ ပါးတို့သည် ရုပ်၏ ဆန့်ကျင်ဘက်အာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသောကြောင့် အာရုပ္ပ(အာရမ္မဏိက)ကမ္မဋ္ဌာန်း မည်၏။ “ကောင်းကင်ပညတ်(ကောင်းကင်ဟူသော သတ်မှတ်ချက်), ပထမာရုပ္ပဝိညာဉ်, နတ္ထိဘောပညတ်(မရှိခြင်းဟူသော သတ်မှတ်ချက်), တတိယာရုပ္ပဝိညာဉ်”အားဖြင့် အရူပါဝစရဈာန်၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ(အာရုံ)ကမ္မဋ္ဌာန်းမည်၏။
အညာတာဝိန္ဒြေ၁
သစ္စလေးပါးကို သိပြီးခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာတာဝီ- သိပြီးသော...