အာယုကပ်

by | Jun 9, 2022 | | 0 comments

ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက်တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ် ဖြစ်သည်၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်းလည်း အာယုကပ်ပင် ဖြစ်သည်၊ ထိုကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ ထိုထိုဘုံ၌ သက်မှတ်ထားအပ်သော အသက်တမ်းလည်း ထိုဘုံများ၏ အာယုကပ်ပင် ဖြစ်သည်။

အကုသလဝိပါက်စိတ် ၇ ပါး

၁။ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး၊၂။ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ပါး၊ ၃။ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ပါး၊ ၄။ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ပါး၊ ၅။ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ် ၁ပါး၊ ၆။ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် ၁ပါး၊ ၇။ဥပေက္ခာသဟဂုတ် သန္တိရဏစိတ်...

အဟိတ်ကြိယာ

အဟိတ်ကြိယာ-ဟူသော ပုဒ်သည် အဟေတုက+ကြိယာ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားမရှိသော ၊ကြိယာ= ပြုကာမျှသာ ဖြစ်သော၊ ဝါ- အကျိုးမပေးတော့သော-ဟု...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အနိန္ဒြိယရုပ်

မိမိတို့၏ ဆိုင်ရာကိစ္စ၌ အစိုးရမှုမရှိသော(စိုးမိုးနိုင်မှုမရှိသော)ရုပ်များ။

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။