အာဇီဝပါရိသုဒ္ဓိသီလ

by | Jun 9, 2022 | | 0 comments

“ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး” ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် “အာဇီဝပါရိသုဒ္ဓိသီလ” မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု သန့်ရှင်းစင်ကြယ်ခြင်းပင် ဖြစ်သည်။

အပ္ပနာဝီထိ

အပ္ပနာအမည်ရသော မဟဂ္ဂုတ်လောကုတ္တရာဇောနှင့် စပ်သော(ဆက်စပ်ပတ်သက်သော) စိတ်အဆက်ဆက်သည် အပ္ပနာဝီထိ...

အနုလုံ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

အနုသယ

သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသော ကိလေသာကို "အနုသယ"ဟု ခေါ်သည်။

အဒ္ဓါသမ္မသနနည်း

အတိတ်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်း။