အာကာသ

by | Jun 9, 2022 | | 0 comments

ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောနှောရအောင် ပိုင်းခြားပေးတတ်သော အပေါက်အကြားကိုပင် “အာကာသ”ဟု ခေါ်သည်၊ ဤအာကာသသည် ပရမတ္ထအစစ် မဟုတ်၊ ရုပ်ကလာပ် ၂-ခု ဖြစ်ပေါ်လာသည့်အခါ အကြား၌ အလိုအလျောက် ပေါ်လာရသော ပညတ်သဘောမျှသာ ဖြစ်သည်

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အပ္ပမညာ

အတိုင်းအဆမရှိ များပြားသော သတ္တဝါတွေကို အာရုံပြု၍ ဖြစ်သော သဘောတရား။

အပရာပရိယဝေဒနီယ ကံ

တတိယဘဝမှ စ၍ နိဗ္ဗာန်မရမီအတွင်း ဘဝတစ်ခုခု၌ အကျိုးပေးမည်ဖြစ်သော ကံသည် "အပရာပရိယဝေဒနီယ ကံ" မည်၏။ထိုကံသည် အလယ်ဇော ၅-ချက်စေတနာ...

အာယတန

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရား။

အပ္ပနာဘာဝနာ

ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ ဤအပ္ပနာဘာဝနာသည် ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေတတ်သော မဟဂ္ဂုတ် လောကုတ္တရာဈာန်များ...