အဟိတ်စိတ် ၁၈ ပါး

by | Jun 9, 2022 | | 0 comments

အကုသလဝိပါက်စိတ် ၇ ပါး၊ အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ပေါင်း ၁၈ ပါး။ အကုသလဝိပါက်စိတ် ၇ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အနုပဿနာ ၃ ပါး

၁။ အနိစ္စာနုပဿနာ၊ ၂။ ဒုက္ခာနုပဿနာ၊ ၃။ အနတ္တာနုပဿနာ။

အာဒီနဝဉာဏ်

ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။

အပ္ပမာဏာဘာ

အတိုင်းအရှည်ပမာဏမပြနိုင်လောက်အောင် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာသည် အပ္ပမာဏာဘာ မည်၏။