အဝိဇ္ဇာယောဂ ၂

by | Jun 9, 2022 | | 0 comments

အကုသိုလ်စိတ် ၁၂-ခု၌ရှိသော မောဟ။

အဝိဇ္ဇာသဝ ၁

သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် စိမ်ရည်အရက်နှင့် တူသောကြောင့် "အဝိဇ္ဇာသဝ"မည်၏။

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အပ္ပနာဘာဝနာ

ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ ဤအပ္ပနာဘာဝနာသည် ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေတတ်သော မဟဂ္ဂုတ် လောကုတ္တရာဈာန်များ...