အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

by | Jun 9, 2022 | | 0 comments

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် နှစ်မျိုးကို ပေါင်းစပ်၍ သိစေတတ်သော “မင်း+သား” စသော သဒ္ဒပညတ်။

အပ္ပနာဝီထိ

အပ္ပနာအမည်ရသော မဟဂ္ဂုတ်လောကုတ္တရာဇောနှင့် စပ်သော(ဆက်စပ်ပတ်သက်သော) စိတ်အဆက်ဆက်သည် အပ္ပနာဝီထိ...

အညိန္ဒြေ ၁

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော...

အဝိဂတပစ္စယော

မကင်းပျောက်သေးသည်၏ အဖြစ်ဖြင့် (မကင်းပျောက်သေးသည် သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...

အနန္တရူပနိဿယော

အနန္တရပစ္စည်းသည်ပင် အားကြီးသောအကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယ မည်၏။

အဟိတ်ကြိယာ

အဟိတ်ကြိယာ-ဟူသော ပုဒ်သည် အဟေတုက+ကြိယာ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားမရှိသော ၊ကြိယာ= ပြုကာမျှသာ ဖြစ်သော၊ ဝါ- အကျိုးမပေးတော့သော-ဟု...

အနုပါဒိသေသ နိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် "အနုပါဒိသေသနိဗ္ဗာနဓာတ်" မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ...