အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်

by | Jun 9, 2022 | | 0 comments

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော “မိန်းမ+အသံ” စသော သဒ္ဒပညတ်။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။

အဒိန္နာဒါနဝိရတိ

အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း(သူတစ်ပါး မပေးသော ဥစ္စာကို ထိုသူမသိအောင် မယူခြင်း)။

အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အပ္ပဏိဟိတနိဗ္ဗာန်

ပူပူဆာဆာ တောင့်တတတ်သော တဏှာပဏိဓိ မရှိသောကြောင့် "အပ္ပဏိဟိတ နိဗ္ဗာန်" ဟု ခေါ်သည်။

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။