အရူပါဝစရ ၄ ဘုံ

by | Jun 9, 2022 | | 0 comments

၁။ အာကာသာနဉ္စာယတနဘုံ၊ ၂။ ဝိညာဏဉ္စာယတနဘုံ၊ ၃။ အာကိဉ္စညာယတနဘုံ၊ ၄။ နေဝသညာနာသညာယတနဘုံ။

အနုဿတိ ၁

အဖန်တလဲလဲ အောက်မေ့မှု အမှတ်ရမှုသည် အနုဿတိမည်၏။

အနာဂတံသအဘိညာဉ်

နောင်အနာဂတ်၌ ဖြစ်မည့် အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်။

အနိစ္စတာ

ရုပ်တို့၏ မမြဲမှု ပျက်စီးမှုသည် အနိစ္စတာ မည်၏။

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။