အဘိဓမ္မာသဘောတရား ၄ ပါး

by | Jun 9, 2022 | | 0 comments

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

အဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

အနဘိဇ္ဈာ

အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း။

အဘိဇ္ဈာကာယဂန္ထ ၁

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် "အဘိဇ္ဈာ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့်...

အနတ္တာနုပဿနာ

သင်္ခါရတရားတို့ကို "အနတ္တ အနတ္တ"ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို " အနတ္တာနုပဿနာ" ဟု ခေါ်သည်။