အပုညာဘိသင်္ခါရ ၂

by | Jun 9, 2022 | | 0 comments

အကုသိုလ်စိတ်၌ ယှဉ်သော စေတနာ ၁၂-ပါး။

အတိပရိတ္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်နည်းသော စိတ္တက္ခဏရှိသော...

အပ္ပနာ မည်သော တရားများ

အပ္ပနာဟူသည် ဝိတက်စေတသိက်၏ အမည် ဖြစ်သည်။ ဝိတက်သည် ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သောကြောင့် အပ္ပနာဟူသော အမည်ကို ရသည်။ ပဌမဈာန်နှင့် ယှဉ်သော စိတ်တို့သည်လည်း ဝိတက်နှင့် အတူယှဉ်တွဲဖြစ်သောကြောင့် အပ္ပနာအမည်ကို ရသည်။ သဒိသူပစာအားဖြင့် ဒုတိယဈာန်-စသည်တို့သည်လည်း ပထမဈာန်နှင့်...

အနိစ္စတာ

ရုပ်တို့၏ မမြဲမှု ပျက်စီးမှုသည် အနိစ္စတာ မည်၏။

အကနိဋ္ဌာ

စည်းစိမ်ချမ်းသာလွန်စွာကြီးသဖြင့် သေးငယ်သော သဘောမရှိ၊ အလွန်အထက်တန်းကျသော ဗြဟ္မာများ။

အနိမိတ္တနိဗ္ဗာန်

အထည်ကိုယ် ပုံပန်းသဏ္ဌာန်မရှိပုံ အခြင်းအရာကို စွဲမှတ်၍ "အနိမိတ္တနိဗ္ဗာန်" ဟု ခေါ်သည်။