အနောတ္တပ္ပ

by | Jun 9, 2022 | | 0 comments

ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။

အနိစ္စတာ

ရုပ်တို့၏ မမြဲမှု ပျက်စီးမှုသည် အနိစ္စတာ မည်၏။

အနာဂတံသအဘိညာဉ်

နောင်အနာဂတ်၌ ဖြစ်မည့် အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်။

အညိန္ဒြေ ၁

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော...

အနုသယ

သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသော ကိလေသာကို "အနုသယ"ဟု ခေါ်သည်။