(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) အလွန်များသော စိတ္တက္ခဏရှိသော အာရုံ၊ အာရုံသည် (မိမိ၏ သက်တမ်း) စိတ္တက္ခဏတစ်ချက် အလွန်မှာ ထင်လာသည်၊ ယင်းထင်လာသည်မှ စ၍ ရေတွက်လျှင် (ရူပါရုံသက်) စိတ္တက္ခဏ ၁၆-ချက်ခန့် ရှိသည်၊ အသက်အရှည်ဆုံး ဖြစ်သည်၊ ဤအာရုံထက် အသက်ရှည်သော အာရုံဟူ၍ မရှိတော့၊ ထို့ကြောင့် “အတိမဟန္တာရုံ”ဟူသော အမည်ကို ရသည်။
အာကာသကသိုဏ်း ကမ္မဋ္ဌာန်း
ဟင်းလင်းပြင် အဝိုင်းငယ်ကို (ဟင်းလင်းပြင်၊ဟင်းလင်းပြင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာကာသကသိုဏ်း ကမ္မဋ္ဌာန်း...