၁။ အဘိဇ္ဈာ၊ ၂။ ဗျာပါဒ၊ ၃။ မိစ္ဆာဒိဋ္ဌိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
အာဟာရရုပ်
အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...