သြဃ

by | Jun 9, 2022 | | 0 comments

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို “သြဃ”ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့ကြောင့် “သြဃ”ဟူသော အမည်ကို ရကြသည်။)

သောတဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော နား။

သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်

သကဒါဂါမိမဂ္ဂါနန္တရဖိုလ်မှ အနာဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်" ဟု...