သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်

by | Jun 9, 2022 | | 0 comments

ကမ္ဘာပျက်ပြီးနောက်၌ အပျက်အတိုင်း တည်ဆဲအခါသည် သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် မည်၏။

သဒ္ဒနဝကကလာပ်

အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်-ဟု ခေါ်သည်။

သဘာဝရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သီလဗ္ဗတပရာမာသသံယောဇဉ် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...

သီလ

ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော သီလကို ထိန်းသိမ်းစောင့်ရှောက်မှု။