သောမနဿသဟဂုတ်-ဟူသော ပုဒ်သည် သောမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သောမနဿ= သောမနဿဝေဒနာနှင့်၊ ဝါ- ဝမ်းမြောက်သော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။
သဒ္ဓါစရိုက်ရှိသူ
သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။