သောဘနစိတ်အကျဉ်း ၅၉ ပါး၊

by | Jun 9, 2022 | | 0 comments

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျဉ်း ၈ပါး၊ပေါင်း ၅၉ ပါး။ (ကာမာဝစရစိတ် ၅၄ ပါး–စသည်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သဒ္ဒပညတ်

အထူးအပြားအားဖြင့် သိစေတတ်သော အသံ သဒ္ဒါအသုံးအနှုန်းသည် သဒ္ဒပညတ်မည်၏။

သတိပဋ္ဌာန်

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။

သီလဗ္ဗတပရာမာသသံယောဇဉ် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...

သောတပသာဒ

နားအကြဉ်ဓာတ်ကို "သောတပသာဒ"ဟု ခေါ်သည်၊ ထိုသောတပသာဒသည် နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့လျက် ဖြစ်,ပျက်...