သုညတနိဗ္ဗာန်

by | Jun 9, 2022 | | 0 comments

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ “သုညတနိဗ္ဗာန်” ဟု ခေါ်သည်။

သပ္ပဋိဃရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သောတဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကြားသိစိတ်။

သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို "သြဃ"ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ...

သမ္မာသမာဓိ ၂

သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်၌ရှိသော ဧကဂ္ဂတာစေတသိက်။

သောတာပတ္တိမဂ်

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော...