သုဂတိအဟိတ်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် သုဂတိဘုံ၌ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်, (ဇီဝိတနဝကကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ်ပုဂ္ဂိုလ်တို့)ကို (ဖြစ်ရာဘုံကို လိုက်၍ ‘သုဂတိ’+ပဋိသန္ဓေကို လိုက်၍ ‘အဟိတ်’= ယင်း ၂-ရပ်ကို ပေါင်းစပ်လျက်) “သုဂတိအဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။

သဟဇာတရုပ် ၂

ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ်။

သဥပါဒိသေသနိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် မချုပ်သေးခင် (ပရိနိဗ္ဗာန် မဝင်စံခင်) အာရုံပြုအပ်သော နိဗ္ဗာန်သည် "သဥပါဒိသေသ နိဗ္ဗာနဓာတ်" မည်၏၊ (သ= ရှိသည် + ဥပါဒိ= ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် + သေသ=ကိလေသာတို့မှ...

သန္တတိသမ္မသနနည်း

အအေးရုပ်အစဉ်, အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုးခွဲ၍ သုံးသပ်ခြင်း။

သုစရိုက် ၁၀ ပါး

ကုသိုလ်ကာယကံ ၃ ပါး၊ကုသိုလ်ဝစီကံ ၄ ပါး၊ကုသိုလ်မနောကံ ၃-ပါး၊ပေါင်း ၁၀ ပါး။ (ကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သောဘနစိတ်အကျဉ်း ၅၉ ပါး၊

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျဉ်း ၈ပါး၊ပေါင်း ၅၉ ပါး။ (ကာမာဝစရစိတ် ၅၄ ပါး--စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

သောတာပတ္တိမဂ်

သောတာပတ္တိမဂ်-ဟူသော ဝေါဟာရသည် သောတ+အာပတ္တိ+မဂ္ဂ-ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သောတ= ရေအယဉ်နှင့်တူသော မဂ္ဂင် ၈ ပါး အပေါင်းသို့၊ အာပတ္တိ= ဦးစွာ ပထမ ရောက်ကြောင်းဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤ၌ သောတသဒ္ဒါသည် ရေအယဉ်ကို ဟော၏၊ သမ္မာဒိဋ္ဌိ-စသော...