သမ္ဖပ္ပလာပ

by | Jun 9, 2022 | | 0 comments

ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ အနှစ်မရှိသော စကားကို ပြောဆိုခြင်း။

သီလဗ္ဗတပရာမာသကာယဂန္ထ ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၍ သံသရာမှလည်း လွတ်မြောက်နိုင်သည်"ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော တရားကို "သီလဗ္ဗတပရာမာသ"ဟု ခေါ်သည်၊ (သီလ-နွား, ခွေး-စသည်တို့၏ အလေ့+ဝတ-နွား, ခွေး-စသည်တို့၏ အကျင့်+ပရ-မှားမှားယွင်းယွင်း+အာမာသ-သုံးသပ်...

သုဒဿာ

အလွန်လှပတင့်တယ်ကြသဖြင့် ကြည့်ရှုချင်စဖွယ်ကောင်းသော ဗြဟ္မာများ

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သောမနဿသဟဂုတ်

သောမနဿသဟဂုတ်-ဟူသော ပုဒ်သည် သောမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သောမနဿ= သောမနဿဝေဒနာနှင့်၊ ဝါ- ဝမ်းမြောက်သော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...