သပ္ပဋိဃရုပ် ၁၂ ပါး

by | Jun 9, 2022 | | 0 comments

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သဒ္ဒဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အသံ။

သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို "သြဃ"ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ...