သန္တိကေရုပ် ၁၂ ပါး

by | Jun 9, 2022 | | 0 comments

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။

သောတဒွါရဃာနဒွါရ

နားအကြည်ဓာတ်သည် "သောတဒွါရ" မည်၏။နှာခေါင်း အကြည်ဓာတ်သည် "ဃာနဒွါရ"မည်၏။

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။

သန္တတိ

တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း၊ ဥပါဒ်ခြင်းသည် သန္တတိ မည်၏။ (သံ= ဆက်စပ်၍၊ ဝါ- ထပ်၍+တတိ= ကျယ်ပွားခြင်း၊...

သောတဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကြားသိစိတ်။